မြန်မာရိုးရာ တိုင်းရင်းဆေးပညာ ဆိုင်ရာ
အဓိပ္ပါယ် ဖွင့်ဆိုချက်များ
မြန်မာတိုင်းရင်းဆေးပညာကို
လေ့လာလိုက်စားသူတို့ သည် ဆေးကျမ်းများတွင်ပြညွန်းသော ဝေါ်ဟာရများကို အဓိပ္ပါယ်ကောက်ယူရတွင်
အခတ်အခဲ များ ရှိနေကြပါတယ်၊၊ အဓိပ္ပါယ် အကောက်လွဲ ပါက ဆေးနည်း မှားယွင်းမှု များ ဖြစ်ကာ
ဆေးရဲ့ အာနိသင် မရပဲ အပြစ်ဖြစ်ပြီး အန္ဒရာယ် များပင်ကျရောက်နိုင်ပါတယ်၊၊
ဒါကြောင့် အရေးပါ
အသုံးများသော တိုင်းရင်းဆေးဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက် အချို့  ကို ရေးသား တင်ပြပေးမှာ
ဖြစ်ပါတယ်၊၊
၁ ။ ပဉ္စငါးပါး သစ်ပင်၏ အရွက် ၊ အပွင့် ၊ အသီး ၊ အခေါက်
၊အမြစ် ဟူသော ဆေးဖက်ဝင် အစိတ်အပိုင်း ငါးမျိုး ။
၂ ။ သတ္တုရည် သစ်ပင်၏ အရွက် ၊ အပွင့် ၊ အသီး ၊ အခေါက်
၊ အမြစ် တမျိုးမျိုး ကို ကြိတ်ညစ် ရသော အရည် ၊၊
၃ ။ ပြုတ်ရည် အပင်၏ အခေါက် အသီး အရွက် စသည် အစိတ်အပိုင်း
လက်တဆုပ် စာ( ၃ကျပ်သား- ၅ ကျပ်သား) အား ရေ လက်ဖက်ရည် ပန်းကန် လုံး (၃) လုံး (၂၄ ကျပ်သား) ထည့်ကာ ပြုတ်ရည် လက်ဖက်ရည် ပန်းကန်
(၁) လုံး (၈) ကျပ်သာား ကျန်သည် အထိ ကျိုထားသော ဆေး ရည် ။
၎ ။ အမှုန့်  သစ်ပင်၏ ပဉ္စငါးပါး မှ တမျိုးမျိုးကို
အခြောက်လှမ်း ကာ နှူးညံ့သော ဆေးမှုန့် များရရှိသည် အထိ ထောင်းထုကြိတ်ယူရသော အမှုန်
့။
၅ ။ အခေါက် သစ်ပင်၏
ပင်စည်မှ ရသော အခေါက် ။
၆ ။ အမြစ်ခေါက် သစ်ပင်၏
အမြစ်မှ ရသော အခေါက် ။
၇ ။ ဇွန်း လက်ဖက်ရည်ဇွန်း
။
၈ ။ ပန်းကန်လုံး ကော်ဖီ
၊ လက်ဖက်ရည် သောက်ရာတွင် အသုံးပြုသော ပန်းကန်လုံး ။
၉ ။ အကြမ်းပန်ကန် ရေနွေးကြမ်း လက်ဖက်ရည်ကြမ်း သောက်ရာတွင် အသုံးပြုသော
ပန်းကန်လုံး ။
၁၀။ ရေနွေး ကျိုက်ကျိုက်ဆူအောင် မီးဖြစ် အပူပေးထားသောရေ
။
၁၁ ။ တစ်ကြိမ် တစ်ကြိမ်သောက် ပမာဏ ။
၁၂ ။ လက်တစ်ဆုပ် (များသောအားဖြင့်) ဆေးဖက်တွင် အသုံးပြုသော အရွက်
လက်တဆုပ်စာ ပမာဏ အလေးချိန် (၃) ကျပ်သားမှ
(၅) ကျပ်သားခန့် အထိ ။
၁၃ ။ ကလေး အသက် ၁၂ နှစ်အောက် ( ၁ နှစ်မှ ၁၂ နှစ်ကြား ) ။
၁၄ ။ လူကြီး အသက် ၁၂ နှစ် အထက် ။
၁၅ ။ အမှုန့် ပြုလုပ် နေရိပ်တွင် ခြောက်သွေ့ အောင် ပြုလုပ်ပြီး ကြိတ်ထားသော
အမှုန့် ။
၁၆ ။ သွေးရည် ဆေး ပစ္စည်း (သို့ )ဆေးတောင့်အား ရေဖြင့်
ပျစ်ပျစ်သွေး ရသော အရည် ၊၊
တိုင်းရင်းဆေးဆိုင်ရာ
ဝေါ်ဟာရများ အနက်မှာ အရေးပါပြီး အသုံးများသော ဝေါ်ဟာရ အသုံးအနှုန်း အချို့  ကို အဓိပါယ်
ဖွင့်ဆိုပြီး ရေးသား တင်ပြပေးလိုက်ပါတယ် ။ ထပ်မံ တွေ့ ရှိပါကလဲ တင်ပြပေး သွားမှာ
ဖြစ်ပါတယ်
၊၊
ဝင်းသူရညွန့် 
(၁-၅-၂၀၁၃)
No comments:
Post a Comment