မာဃနတ်ရှင် ဖန်စီရင်သော ဆေးဖက်ဝင် ဆေးရွက်ကြီးပင်
ဆေးရွက်ကြီးပင်သည်
မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်းသောဒေသများတွင် စိုက်ပျိုး ဖြစ်ထွန်းသည်၊၊ မူလဒေသ
မှာ အမေရိကတိုက်မှဖြစ်ပြီး မြန်မာနိုင်ငံသို့ ၁၇ ရာစုဦး ခန့် က အိန္ဒိယမှတဆင့် ၀င်ရောက်လာခြင်း
ဖြစ်လေသည်၊ နွယ်မြက်သစ်ပင်မှန်သမျှ ဆေးဖက်ဝင်ကြကြောင်း အယူရှိသောလည်း ယခု ဆေးရွက်ကြီးပင်ကို
မူ ရောက်ရှိစကပင် ဆေးပင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်၊၊
ဆေးတံနှင့် အငွေ့ ကို သောက်ရှူရာတွင် ဆေးဖက်ဝင် အာနိသင်များ ရရှိကြောင်း ရှေးခေတ်ကာလကပင်
ယုံကြည်ကြကြောင်း ထင်ရှားပါသည်၊၊
ဆေးရွက်ကြီးပင်ကို ရုက္ခဗေဒ အမည်ဖြင့်
Nicatiain tabacum Linn ဟုခေါ်ပြီး Solanaceae ခရမ်း မျိုးရင်းတွင်ပါဝင်ပါသည်၊၊ အင်္ဂလိပ်အမည်မှာ
Indian Tobaco (or) Tobaco ဖြစ်ပါသည်၊၊
ဆေးရွက်ကြီးပင်သည် ခြုံပင် အမျိုးအစားဖြစ်သည်၊၊
အရွက်တို့ သည် ရွက်ထီးများဖြစ်ကြသည်၊၊ ရွက်လွဲ
တည်ရှိသည်၊၊ ရွက်ကြောရိုးထီးတည်းနှင့် ရွက်ကြောရှက်သော ပုံစံရှိသည်၊၊ အီလစ်ပုံ လှံသွားပုံရှိသည်၊၊
ထိပ်ချွန် အနားညီ အရင်းတစ်ဖက်စောင်းသည်၊၊ မျက်နှာပြင်တွင် အမွေးနုကလေးများ ရှိသည်၊၊
ရွက်ညှာနှင့် ရွက်စွယ်တို့ မပါရှိပေ၊၊ ပန်းခိုင်သည် ထိပ်ဖျားထွက်ရောထွေးပန်းခိုင် ဖြစ်သည်၊၊
ပန်းပွင့်များတွင် ပွင့်ခံရွက် ရှိသည်၊၊ ခေါင်းလောင်ပုံ ထိပ်ချွန်သည် ဥများသွယ်ပုံဖြစသည်၊၊
ပန်း အရောင်မှာ အနီရောင်ဖြစ်ပါသည်၊၊ အသီးသည် ကက်ပဆူး ဖြစ်ပြီး အစေ့တွင် အင်ဒိုစပန်း
ခေါ် အစေ့တွင်းစာ အနည်းငယ် ပါဝင်ကြောင်းတွေ့ ရသည်၊၊
ဆေးရွက်ကြီးရွက်ကို မီးရှို့ ၍ ဆေးငွေ့ ကိုသောက်ရှူခြင်း၊
ဆေးငုံခြင်း၊ ကွမ်းယာတွင် ထည့်သွင်း စားသုံးခြင်း ဖြင့် မူးယစ်စေပြီး စွဲစေတတ်သော အာနိသင်
ရှိပါသည်၊၊
နိုင်ငံတကာဆေးကျမ်းတို့ တွင် နစ်ကိုတင်းသည် အာနိသင်သက်ရောက်မှု အလွန်မြန်ဆန်ကာ
အလွန်ပြင်းထန်သော အဆိပ်ဖြစ်ကြောင်းတွေ့ ရသည်၊၊ သုံးစွဲ၍ အဆိပ်သင့်သော လက္ခဏာတို့ မှာ မူးခြင်း၊ ပျို
့အန်ခြင်း၊ အော့အန်ခြင်း၊ အားပျော့ပြီး သွေးခုန်နှုန်းမြန်ခြင်း၊ အသားအရေ အေးစက်ခြင်း
မျက်စိသူငယ်အိမ် ကျဉ်းပြီး မှ ကျယ်လာခြင်းတို့ ကို တွေ့ ရပါသည်၊၊
ဆေးရွက်ကြီးကို သိပ်ပံနည်းကျ ဓါတ်ခွဲကြည့်ပါက
အောက်ပါဒြပ်ပေါင်းများ တွေ့ ရမည် ဖြစ်ပါသည်၊၊
nicotine,
nicotein, nicotimine, nicotieline, anavasine, N-methy1 anavasine, anatabine, 1-N-methyl
anatabine, nicotyrine, nor- nictotine စသော
အယ်လ်ကာလွိုက် တို့ နှင့် ammonia tri- methyiamine, piperidine, 2:3-dipyri-
dyne, sio-amylamine, pyrolidine, N-methyl pyroline စသော ဗေ့ (စ်) တို့ ပါဝင်သည်၊၊
ဆေးရွက်ကြီးကို မြန်မာတိုင်းရင်းဆေး ပညာတွင်
ရောဂါများ ကုသရာတွင် သုံးစွဲခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပါသည်။ ရှေးဟောင်းမြန်မာ တိုင်ရင်းဆေးကျမ်းများတွင်ဆေးရွက်ကြီး
၏ အရသာနှင့် အကျိုးသွားကို ပြဆိုထားရာ အရွက်သည် ခါး၏။ ပူ၏။ ကြေကျက်ပြီးသောအခါ ၀ိပါက၌
စပ်၏ ဟူ၍ တွေရပါသည်၊၊ ဆေးရွက်ကြီး၏ ဂုဏ်သတ္တိ တို့ ကို ပြဆိုရာတွင် သည်းခြေနာ၊ မူးဝေနာ၊
ပထ၀ီ ဓါတ်များကို ကြွစေ၏ ။ ပိုးသေခြင်းကိုပြု၏ ။ အနည်းငယ် ၀မ်းသက်၏။ ၀ဖြိုးစေ၏။ အန်စေတတ်၏၊
ပိုးတို့ ကို ပယ်တတ်၏။ ၀မ်းဗိုက်တင်းရောင်ခြင်း၊ သွားပုပ်ခြင်း၊ အရေပြား ရောဂါ၊ ကင်းမြီးကောက်
အဆိပ်တို့ ကို ပယ်ဖျောက်နိုင်ခြင်း စသည့် ဂုဏ်နှင့် စွမ်းရည်ရှိပါသည်၊၊
ဆေးရွက်ကြီးပင်၏ ဆေးဖက်ဝင်အသုံးပြုပုံများစွာရှိပါသည်၊၊
ရှေးခေတ်က ဆေးရွက်ကြီးငွေ့ ကို သောက်ရှူခြင်းဖြင့် ရရှိသော အကျိုးကို ကဗျာဖွဲ့ ထားရာ
- ဆေးတံကြော့နှင့် ၊ သောက်သော့အခါ ၊ အငွေ့ လာမူ ၊ ရသာအတိ ထောင်ကြောထိမျှ ၊ မျက်စိကြည်လင်
၊ ဆံပင်နက်မဲ ၊ သွားလည်းမြဲမြံ ၊ လေးမျိုးနွံ၍ - ဟု တွေ့ ရပါသည်၊၊
မာဃနတ်ရှင်
၊ ဖန်စီရင်၍ ၊ မြသွင်လိုလို - ဟူ၍ အမွမ်းတင် ရေးဖွဲ့ ခဲ့ပါသည်၊၊ ၁၇ ရာစု အလယ်လောက်တွင်
ရှင်ကရ၀ိက ရေးဖွဲ့ ခဲ့သော ဆေးရွက်ကြီးဘွဲ့ ပိုဒ်စုံရတုမှ ဖြစ်ပါသည် ။ထိုကာလက ဆေးတံဆေးရွက်ကြီးသောက်သုံးသူတို
့၏ ယုံကြည်မှု ကို ရေးဖွဲ့ ထားရာ ဆေးဝါးအာနိသင် ရှိသည့်ဟု ယူဆပြီး သောက်သုံးခဲ့ကြကြောင်း ထင်ရှားပါသည်၊၊ ရှေးခေတ်က
နတ်ဆေးသဖွယ် ယုံကြည် တန်ဘိုးထား၍ သုံးစွဲ ခဲ့ကြ ကြောင်း တွေ့ သိရပေသည်၊၊
တိုင်းရင်းဆေးပညာတွင် ဆေးရွက်ကြီးကို ဆေးဝါးအဖြစ်
သုံးစွဲကြပုံမှာ အရွက်ကို ထုံး၊ ပုန်းညက်ခေါက်တို့ နှင့် ရောပြီး သွေးလိမ်းပါက လိင်ဥရောင်သော
ရောဂါကို ပျောက်ကင်းစေကြောင်း သိရသည်၊၊
သွားကိုက်၊ သွားနာ ရောဂါတွင် ဆေးရွက်ကြီး
၂ ဆ နှင့် ငရုပ်ကောင်း ၁ ဆ ကို ရောစပ်၍ သွားတိုက်ပေးခြင်းဖြင့် သွားတွင်းရှိ ပိုးများသေစေ၍
သွားကိုက်သွားနာ ဝေဒနာကို ပျောက်ကင်းစေပါသည်၊၊ ကိုယ်ရေဖျော့ ရောဂါတွင် ဆေးရွက်ကြီးကို
ရှုပေးပါက ပျောက်ကင်းစေတတ်ပါသည်၊၊
ခပေါင်းကြီး
အမြစ်၊ အစေ့နှင့် ခပေါင်းကြီးပါသော ဆေးဝါးတို့ သည် အစားလွန်ပါက အဆိပ်ဖြစ်စေ တတ်ပါသည်။
ထို သို့ အဆိပ်သင့်မှုကို ဆေးရွက်ကြီးပြုတ်၍ တိုက်ပါက အဆိပ်သင့်မှု ကို ပြေပျောက်သက်သာ
စေသည်၊၊
ဆေးပညာ
သဘောအရ ချောင်းဆိုးခြင်းတွင် အစို နှင့် အခြောက်ဟူ၍ နှစ်မျိုး ရှိပါသည်။ ချောင်းဆိုး
သောအခါ ဆေးရွက်ကြီးပြာ ၂ ရတီခန့် ကျွေးပါက
ချောင်းဆိုးခြင်းဝေဒနာ ကိုသက်သာ ပျောက်ကင်း စေပါသည်၊၊
ဆေးရွက်ကြီးရွက်သည်
ပိုးသေစေသော ဆေးဝါးအာနိသင် နှင့် အနာကို ကျက်စေတတ်သော အာနိသင် ရှိသောကြောင့် ထိခိုက်ရှနာခြင်း၊
ဒဏ်ရာရခြင်း၊ တို့ တွင် ဆေးရွက်ကြီးကို ကပ်ပေးခြင်း၊ ဆေးရွက်ကြီးပြုတ်ရည်နှင့် အနာကို ဆေးကြောပေးခြင်း၊
ဖန်ရည် ခေါ် အနာဆေးရာတွင်သုံးသော အရည်အဖြစ် သုံးစွဲနိုင်ပေသည် ၊၊ ဤသို့ ဆေးကြောပေးပါက
အနာ သန့် ရှင်းစင်ကြယ်စေပြီး အနာအကျက်မြန်စေပါသည်၊၊ ပိုးကို သေစေတတ်သော အာနိသင်ရှိသောကြောင့်
ပိုးကြောင့် ဖြစ်သော ပွေး၊ ၀ဲ၊ ယားနာ တို့ ကို ဆေးရွက်ကြီး အရေ သုတ်လိမ်းပေးပါက သက်သာ
ပျောက်ကင်းစေပါသည်၊၊
တောလမ်းများတွင်ခရီးသွားရာ၌
သွေးစုပ်တတ်သော မျော့ များ တွယ်ကပ်ပါက ဆေးရွက်ကြီးကို ပါးစပ်တွင်ငုံဝါး၍ ရသော အရေနှင့်ထွေးပေးပါက မျော့ တို့ ကွာကျ စေသည်၊
အပင်စားခရုတို့ မလာရောက်နိုင် စေရန် ဆေးရွက်ကြီးမှုန်
့ကို ချဝိုင်းပေးထားနိုင်သည်၊၊
ထိုပြင်
အရွက်ကို မူးရစ်စေတတ်သော အာနိသင်ရှိ၍ ထိုင်းမှိုင်းဆေး၊ ပိုးသေစေသော အာနိသင်ရှိ၍ အဆုတ်နာရောဂါ
တို့ တွင် အသုံးပြုပါသည်၊၊
ဆေးရွက်ကြီးပင်၏
အမြစ်ကိုမူ သွေး၍ သောက်ပါက ၀မ်းနူးစေ၍ ၀မ်းနူးဆေး အဖြစ်အသုံးပြု ပါသည်၊၊ အားတိုးဆေးအဖြင့်အသုံးပြု
ကြောင်းလည်း တွေ့ ရပါသည်၊၊
ဆေးရွက်ကြီးပွင့်
ကိုမူ လေဆေး၊ အဖြစ်လည်းကောင်း၊ ပန်းနာရောဂါ အတွက် လေပြွန်ကို ကျယ်စေရန်အတွက်လှုံဆော်မှု
ပေးရန် လည်းကောင်း အသုံးပြုပါသည်၊၊
ဆေးရွက်ကြီးသုံးစွဲမှုသည်အလွန်များပြားပါက
နီကိုတင်းဓါတ်ကြောင့် အဆိပ်သင့်မှု ဖြစ်စေပြီး၊ ကင်ဆာစသော ရောဂါ များ ကျရောက်စေတတ်ပါသည်၊၊ ထိုကြောင့် တန်ဆေး လွန်ဘေး
ဟုသာ ပြောလို ပါသည်၊၊ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးပြင်းလိပ်သောက်ခြင်းတို့ ကြောင့် သွားများတွင်
ရောဂါပိုးများ မရှိ၍ သွားပိုးစားစေခြင်း မှ ကင်းဝေးစေကြောင်း ရေးသားချက်များကို တွေ
့မြင်ဖတ်ရှုရပါသည်၊၊ အသုံးပြုမှု အပေါ် မူတည်၍ အကျိုးသက်ရောက်မှု ကွဲပြားစေနိုင်သည်မှာ
အမှန်ပင်ဖြစ်ပေသည်၊၊
အချုပ်အားဖြင့်ဆိုရသော
ယနေ့ အခါ ကမ္ဘာတွင် ဆေးရွက်ကြီး သုံးစွဲမှုသည် အန္တရာယ်ရှိသည် ။ ထိန်းချုပ်သင့်ကြောင်းရေးသား
ပြောဆိုနေကြ သည်ကိုတွေ့ ရပါသည်၊၊ ဆေးပစ္စည်းတို့ သည် သုံးစွဲသူတို့ ၏ အပေါ် မူတည်၍ ကောာင်းကျိုးဆိုးကျိုး
ဖြစ်ပေါ်လာစေခြင်းပင် ဖြစ်ပေသည်၊၊ ထိုကြောင့် ဆေးရွက်ကြီးပင်သည် လည်း သုံးစွဲတတ်ပါက
၁၇ ရာစု ကပေါ်ခဲ့သော ရှေးဟောင်းကဗျာ လင်္ကာပါ - မာဃနတ်ရှင်၊ ဖန်စီရင်သည့် - ဆေးဝါးပမာ
အလွန်အသုံးဝင်လှပါကြောင်း ထင်ရှားပါသည်၊၊
ရည်ညွန်းကိုးကားသောကျမ်းများ
-
၁။ နာဂသိန် အရှင် ။ ပုံပြ ဆေးအဘိဓာန် (ပထမတွဲ)
၂။ မြန်မာစာညွန့် ပေါင်းကျမ်း (ပဉ္စမတွဲ)
၃။ မြန်မာဆေးဖက်ဝင် အပင်များ (အတွဲ - ၁)
၎။ သမားလက်စွဲ ခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်း
ဝင်းသူရညွန်
့
(ကျန်းမာရေးဝန်ကြီးဌာန
မှ ထုတ်ဝေသော ၁၉၉၉ ခု ဖေဖော်ဝါရီလထုတ် ဆေးပညာမဂ္ဂဇင်း အမှတ် (၈) တွင်ပါဝင်ခဲ့သော ကျွန်တော
်ဝင်းသူရညွန့် ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်၊၊)