Solanaceae
မျိုးရင်းဝင်ဖြစ်ပြီး၊ ရုက္ခဗေဒ အမည်မှာ – Datura stramonium Linn ဖြစ်ပါတယ်၊၊ အင်္ဂလိပ်အမည်
- Devill’s apple : Thorn apple : Stramonium. ဖြစ်ပါတယ်၊၊ မြန်မာ အမည် - ပဒိုင်း အခြား
အမည် - ဆေးမင်းရာဇာ လို့ လဲခေါ်ပါတယ်၊၊ ထိုင်းမှိုင်းမူးဝေပြီး စိတ်ကို ပြောင်းလဲစေသော
သတ္တိ ရှိလို့  ပန်းထိုင်း>ပတိုင်း> ပဒိုင်း ဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ်ကြခြင်း
ဖြစ်ပါတယ်။ ပါဠိ အမည် ကတော့ ဥမတ္တက ၊ မာတုလ
လို့ တွေ့ ရပါတယ်၊၊
ပဒိုင်းပင်သည်
အပင်ငယ်ဖြစ်ပြီး ၂ပေ - ၃ ပေ ခန့် မြင့်နိုင်ပါတယ်၊၊ ပင်စည်ရိုးနဲ့ အပွင့်ကို စွဲပြီး
ပဒိုင်းဖြူ ၊ ပဒိုင်းဝါ ၊ ပဒိုင်းနက် ဆိုပြီး ခွဲခြားထားကြပါတယ်။
အရွက်သည်
ရွက်လွဲထွက်ပြီး အရင်းပိုင်းကျယ်ကာ အဖျားပိုင် ရှူးသွား ပြီး ရွက်ရင်း ညီညာမှု မရှိပဲ
တဖက်တို တဖက်ရှည် ဖြစ်နေပါတယ်၊၊ ရွက်ညှာမှာ ရှည်ပြီး ရွက်ကြောများ ထင်ရှား ကြောင်း
တွေ့ ရတယ်၊၊ ရွက်နားများတွင် အတွန့် လေးများပါပါတယ်၊၊
အပွင့်သည်
ခေါင်းလောင်းပုံ ဖြစ်ပြီး အရွယ်အစား အတော်ကြီးပါတယ်။ တပွင့်ခြင်း ပွင့်ကာ အပွင့် ၁
ထပ်မှ ၃ ထပ် ရှိပါထယ်၊၊ အပွင့် ၃ ထပ်ရှိရင် ပဒိုင်း ခတ္တာ ဟုခေါ်ကြပါတယ်။ အပွင့် ခရမ်း
နက်ရောင်ရှိသော အပင်ကို ဆေးဖက်ဝင် အသုံးများပါတယ်။
အသီးသည်
တလုံးခြင်း သီးသော အသီးမျိုးဖြစ်ပါတယ်။ အချင်း ၁.၅ လက်မမှ ၂ လက်မ အထိ ရှိပါတယ်။ အသီးပေါ်တွင်
ဆူးလေးများရှိကြောင်းတွေ့ ရပါတယ်။ အစေ့ လေးများကတော့ အနက်ရောင်ရှိပါတယ်၊၊
ပဒိုင်းပွင်းသည်
များသောအားဖြင့် တော်သလင်းလ မှ တပေါင်းလ အတွင်း များစွာ ပွင့်သောလည်း အခြားသော လများတွင်
အသင့်အတင့် ပွင့်ကြောင်းတွေ့ ရပါတယ်၊၊ ပဒိုင်းပွင့်ရဲ့ဝတ်ရည်ကို စုပ်ယူသော ပျားပတုန်းတို
့သည် ထိုင်းမှိုင်းရစ်မူးပြီး မြေသို့ ကြရပါတယ်။
ပဒိုင်းသည်
အဆိပ်ပင် ဖြစ်ကာ ပဉ္စငါးပါးလုံး အဆိပ်ရှိ ပါတယ်၊၊ အဆိပ်အမျိုးအစားအနေဖြင့် ထာဝရ အဆိပ်မျိုးဖြစ်ကာ
ဥပါဝိသ ခေါ် အဆိပ်ငယ်မျိုးတွင် ပါဝင်ကြောင်း ကျမ်းများတွင် တွေ့ ရပါတယ်၊၊
ပဒိုင်းအဆိပ်သင့်သော
လက္ခဏာ များ မှာ
-
အသားအရေကို
ခြောက်သွေ့ စေခြင်း
-
မျက်လုံးကြော
ကျယ်ပြန့် စေခြင်း
-
ပါးစပ်နှင့်
လျှာတို ကို ခြောက် သွေ့ စေခြင်း
-
ဦးနှောက်နှင့်
အာရုံကြောတို့ ကို ထုံထိုင်းစေခြင်း
-
အသိဥာဏ်
ပျက်စီးစေပြီး ရူးသွပ်စေခြင်း
စသည်တို
့ဖြစ်ပါတယ်၊၊
ဆေးအဖြစ်
အသုံးပြုရာတွင်စင်ကြယ်အောင် ပြုပြင်(သုဒ္ဒပြု) ပြီးမှ သုံးရပါမယ်၊၊
စင်ကြယ်အောင်ပြုလုပ်ပုံမှာ - အသုံးပြုလိုသော
ပဒိုင်းပင်၏ အစိတ်အပိုင်း တစ်ခုခုကို နွားနို့ တွင် တစ် နာရီကြာအောင် ပြုတ်ရမယ်၊၊ ထိုသို
့သုံးကြိမ် ပြုခြင်းဖြင့် ပဒိုင်းရှိ အဆိပ်ဓါတ်တို ကုန်ခမ်းသွား ပါမယ်၊၊ ထိုအခါမှ အသုံးပြုရကြောင်း ရှေးဟောင်းဆေးကျမ်းများမှာ
ပြဆိုထားပါတယ်၊၊
ပဒိုင်းအဆိပ်သင့်ပါက ဖြေဆေးအဖြစ် ` ပဒိုင်းသီးစားသော
မရူးလော၊ အမဲခြောက်ဖုတ်စားသော မပျောက်လော ´ ဟူသော လောကျမ်းအရ အမဲခြောက်ဖုတ် ကြွေးပါ၊
အဆိပ်ဖြေကျမ်းအရ ` ဒေါက်ရပ်ခေါက်နှင့် ထန်းလျက်ကျွေးပါ
၊၊ ကြိတ်၍ ပေးရပါတယ်၊၊ ထန်းလျက် သက်သက်ကျွေးလည်း ရပါတယ် ၊
ဆေးအသုံးပြုပုံ
၁
- အမျိုးသမီးများ သားမြတ်တွင်အကြိတ်အဖု
ဖြစ်ခြင်း အတွက် ပဒိုင်းရွက်ကို နနွင်းနဲ့ ကြိတ်ပြီး အုံပေးပါ၊၊
၂
- အဆစ်ရောင်ရောဂါနှင့် အရိုးအဆစ် ကိုက်ခဲခြင်းပါက ပဒိုင်း၇ွက်ကို မီးကင်၍
ကပ်ပေးပါ ၊၊
၃
- ပန်းနာရင်ကြပ် ရောဂါတွင် ပဒိုင်းရွက်ခြောက်ကို ဆေးပေါ့လိပ်တွင်ထည့်ပြီး သောက်ပေးပါ၊၊
၎
- အဆိပ်သုတ်သင်ပြီးသော ပဒိုင်းစေ့ကို ကြိတ်ပြီး၊ သွားဖုံးရင်းတွင်သိပ်ပေးပါက သွားနာ
သွားကိုက်ခြင်း ကို ကောင်းစေပါတယ်၊၊
၅
- ခေါင်းကိုက် မျက်ရိုးကိုက်ခါးကိုက် ဒူလာ အညောင်း အကိုက် ဝေဒနာတွင် အဆိပ်သုတ်သင်ပြီးသော
ပဒိုင်းစေ့ကို အမှုန့် ပြု၍ နှမ်းဆီတွင် ၇ရက်စိမ်ပြီး ပွတ်လိမ်းပေးပါ၊၊ အ၀တ်ပါးပါးနှင့်
စည်းထားပေးပါ၊၊ အမျိုးသမီးများ ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊ ဝေဒနာ အတွက် ဆီးခုံပေါ်တွင်လိမ်းပေးခြင်းဖြင့်
သက်သာ ပျောက်ကင်းစေပါတယ်၊၊
၆
- ချောင်းဆိုး၊ ရင်ကြပ် ပန်းနာ ရောဂါတွင် ပဒိုင်းသီးကို
ပြာချပြိး ဆားပုပ် နှင့်ဆတူ စပ်ကာ သံပုရာရည် ရှောက်ရည်နှင့် ရောစပ် သောက်သုံးပါ ၊၊
၇
- ခွေးရူးဆိပ်ဖြေဆေး အဖြစ် ပဒိုင်းမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ တိုက်ပြီး အမဲခြောက်ဖုတ်
ကျွေးပါ၊၊
ခွေးရူးရောဂါကုဆေး အဖြစ် ဆေးကျမ်းများတွင်
ဖော်ပြထားသော ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်ပါတယ် ၊၊
သုံးတက်လျှင်ဆေး မသုံးတက်လျှင် ဘေး ဆို သည့်စကားအတိုင်း
ဆုပ်လျှင်စူး စားလျှင်ရူး ဟု လူတို့ ခေါ်ဝေါ်နေသော ပဒိုင်းပင် သည် သုံးတတ်သော သမားတော်တို
့အတွက် အသုံးချ ဆေးဖက်ဝင်အပင်တမျိုး ဖြစ်ပေသည်၊၊
ဝင်းသူရညွန့် 